ကျွန်တော် ခရီးက ပြန်ရောက်ခဲ့ပါပြီ…. ဒါပေမယ့်လည်း စာတော့ မရေးနိုင်သေးဘူးဗျ.. တစ်ရက်လောက်တော့ နားလိုက်ဦးမယ်… ဓာတ်ပုံလေးတွေ အရင်ကြည့်ကြပါ။ ရောက်ခဲ့တာကတော့ ချောက်၊ စလေ၊ ပုဂံစတဲ့ဒေသတွေပါ။
အဲ့ဒီဒေသတွေမှာလည်း မုန်တိုင်းရှိနေတော့ မိုးများပြီး ချောင်းတွေရေကျော်နေလို့ သွားရလာရတာ တော်တော်ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ရာသီဥတု ဆိုးဆိုးဝါးဝါးကြားထဲကနေ ကျွန်တော်ရဲ့ မကောင်းတကောင်း MP4 ကင်မရာလေးနဲ့ ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို တင်ပြပေးထား လိုက်ရပါတယ်။ ဝေဖန်အကြံပြုပေးကြပါဦးဗျ။
အခုပုံလေးတွေက ချောက်မြို့နယ်၊ စလေမြို့မှာရှိတဲ့ စလေရုပ်စုံကျောင်းကပုံတွေကို ပထမဆုံး တင်ပြပေးလိုက်ရပါတယ်။ စလေရုပ်စုံကျောင်းပုံတွေအပြင် စလေဒေသအနီးအနားမှာရှိတဲ့ ပုဂံခေတ်နှောင်းပိုင်း AD 13-14 ရာစုလောက်က တည်ထားကိုးကွယ်ခဲ့ကြတဲ့ ဘုရားပုထိုးစေတီပုံများကို တင်ပြပေးထားပါတယ်။
ပုဂံမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများကိုတော့ မကြာမီတင်ပြပေးနိုင်အောင် ကျွန်တော်ကြိုးစားနေပါတယ်။
အံ့ဘုန်းမြတ်
မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်တဲ့။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မ ပုဂံကိုတစ်ခါမှ မရောက်ဖူးသေးဘူး။ တစ်နေ့တော့ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ရှားပါးရှေးဟောင်းရတနာအမွေစစ်စစ်ဖြစ်တဲ့ ပုဂံမှ ဓါတ်ပုံများကို သေချာဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် :)
ခင်မင်စွာဖြင့်
လင်းလက်ကြယ်စင်