လူသားရဲ့သမိုင်းမှာ ငွေကြေးဆိုတာပေါ်ပေါက်လာကတည်းက လူသားတွေရဲ့ဖြစ်တည်မှုဟာ ကျဆုံးခဲ့ပြီ။


လူသမိုင်းမှာ ငွေကြေးဆိုတာပေါ်ပေါက်လာကတည်းက လူသားတွေရဲ့ဖြစ်တည်မှုဟာ ကျဆုံးခဲ့ပြီ။

အံ့ဘုန်းမြတ် 2008, October (14)

ဒီလိုပုံစံအတွေးအခေါ်မျိုးကို ရှေးတုန်းကတည်းက အတွေးအခေါ်ပညာရှင်ကြီးအဆက်ဆက်က ပြောခဲ့ကြဖူးကောင်း ပြောခဲ့ဘူးကြမှာပါ။ ဒါပေမယ့် သူတို့တွေတုန်းက အခုကျွန်တော်တို့ခေတ်လောက် ဆိုးပါ့မလားလို့တော့ ကျွန်တော်တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ခေတ်တွေမှာ တုန်းက ကျွန်တော်တို့လို ဘတ်စ်ကားခမရှိလို လမ်းလျှောက်ပြန်ရတဲ့ နေ့တွေမရှိနိုင်သလို အင်တာနက်ဖိုးမရှိလို စာမရေးရတဲ့ အချိန်တွေလည်း ရှိနိုင်မယ်မထင်ပါဘူး။ ဒါပေမယ့်လည်း အဲ့ဒီခေတ်မှာတုန်းကတည်းက ဘယ်သူမှန်း ကျွန်တော် မမှတ်မိတော့တဲ့ အတွေးအခေါ်ပညာရှင်တစ်ယောက်က မိန့်ဆိုခဲ့ဘူးပါတယ်။ လူ့သမိုင်းမှာ ငွေကြေးဆိုတာပေါ်ပေါက်လာကတည်းက လူသားတွေရဲ့ဖြစ်တည်မှုဟာ ကျဆုံးခဲ့ပြီတဲ့ဗျာ။ အခုအချိန်မှာတော့ ဘီစီသုံးလေးရာလောက်ကပြောခဲ့တဲ့ အတွေးအခေါ်တွေဟာ ပြောင်းလဲလျှက်ရှိတဲ့ ဘ၀နေထိုင်မှုဟန်ပန်များစွာနဲ့အတူ ပြောင်းလဲကောင်း ပြောင်းလဲသွားတယ်ဆိုပေမယ့်။ ဒီအတွေးအခေါ်လေးက တော့ ကျွန်တော်တို့ လူငယ်တွေအတွက် အမြဲတမ်းမှန်ကန်နေမယ့် အတွေးအခေါ်တစ်ရပ်ပဲဖြစ်ပါတယ်။

One thought on “လူသားရဲ့သမိုင်းမှာ ငွေကြေးဆိုတာပေါ်ပေါက်လာကတည်းက လူသားတွေရဲ့ဖြစ်တည်မှုဟာ ကျဆုံးခဲ့ပြီ။

Add yours

  1. ငွေကြေးဆိုတာပေါ်လာခဲ့ကတည်းက ဘ၀ရဲ့ ချိုချဉ်ငံစပ်အရသာတွေပိုလေးခဲ့ပြီ

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: