Message ဆိုတာ ပေးချင်တာပေးလို့ရမလား
(၂၁) ရာစု နောက်ပိုင်း ကျွန်တော်တို့ မြန်မာအနုပညာပစ္စည်းတွေမှာ ရသဆိုတာထက် Message ဆိုတာကိုပိုဦးစားပေးပြီးပြောလာကြတာ ကိုတွေ့ရတယ်ဗျ။ Message ဆိုတာ ရသပေးတာ ဖျော်ဖြေမှုလုပ်တာထက်စာရင် ပိုပြီးအန္တရာယ်ကြီးတယ်လို့ ကျွန်တော်မြင်မိတယ်ဗျ။
ကောင်းတဲ့ Message ကို ပေးမိလို့ လူ့အဖွဲ့အစည်းကြီးအတွင်းမှာ အကောင်းတွေဖြစ်ကုန်တာက ကိစ္စမရှိဘူးပေါ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စာရေးဖော်ရေးဖတ်စာရေးဆရာတစ်ယောက်နဲ့ ကျွန်တော် စကားစပ်မိရင်းကနေ Message ဆိုတာအပေါ် ဆွေးနွေးခဲ့ကြဘူးတယ်။ Message တွေကို ရသနဲ့တွဲပြီး ပေးတဲ့အခါမျိုးတွေမှာ ရသကိုသီးသန့်ပေးတဲ့ အနုပညာထက် လူ့အဖွဲ့အစည်းအပေါ် ပိုပြီး အကျိုးသက်ရောက် မှုရှိစေတယ်တဲ့။ တစ်ခါတစ်ရံမှာ အနုပညာရှင်တွေဟာ အကောင်းမြင်စိတ်နဲ့ သူတို့လုပ်တဲ့အနုပညာပစ္စည်းတွေထဲမှာ အကောင်းဖြစ်စေလိုတဲ့ Message တွေကို ထည့်ပေးလိုက်တယ်။ ဒါပေမယ့် အဲ့ဒီအနုပညာပစ္စည်းကို လက်ခံယူတဲ့ လူ့အဖွဲ့ အစည်းအတွင်းကလူတွေကတော့ သူတို့တွေ အနုပညာသည်ဆီကရလိုက်တဲ့ Message ကို လောကကြီးကောင်းကျိုးထက် သူတို့အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဆွဲယူအသုံးပြုခြင်းကို အနုပညာသည်တွေခံနေကြရတက်တယ်။
တစ်ခါတုန်းကဆိုရင် အင်တီပန်းနက်ဒေးဇာတ်ကားရဲ့ ဇာတ်သိမ်းခန်းမှာ နယူးရောခ်မြို့ကြီးတစ်မြို့လုံးကို လွှမ်းမိုးထားတဲ့ ပန်ကံပြားပျံထဲကို အမေရိကန်နိုင်ငံသားတစ်ယောက်က အသက်စွန့်ပြီး သူ့လေယဉ်ကို ပုဂံပြားပျံကြီးအတွင်းထဲထိမောင်းဝင်ပြစ်လိုက်ပြီး သူ့အသက်ကိုစွန် အမျိုးအသားအကျိုးစီးပွားအတွက် အသေခံသွားတယ်ဆိုတာကို နိုင်ငံသားတစ်ယောက်ရဲ့ခံယူချက် Nationalism အနေနဲ့ ဒါရိုက်တာက အကောင်းမြင်စိတ်အားကြီးစွာနဲ့ ရိုက်ပြသွားခဲ့တယ်။ ဒါပေမယ့် နောက်ထပ်နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ တာလီဗန်တွေက အသေခံဗုံးခွဲပြီး အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးဗဟိုဌာနကို လေယဉ်နဲ့တိုက်ပြီးခွဲလိုက်ကြတော့တယ်။ ဒါကိုဝေဖန်သူတွေက အင်တီပန်းနက်ဒေးဇာတ်ကားကပေးခဲ့တဲ့ Message ကြောင်လို့ ဆိုလာကြပြန်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့မြန်မာလူမျိုး အနုပညာဖန်တီးသူတွေအနေနဲ့လည်း မိမိလူမျိုရဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေနဲ့ နှိုင်းယှဉ်စဉ်းစားပြီး ဖန်တီးမယ့်အနုပညာပစ္စည်းတွေထဲမှာ Message ပေးတာတွေနဲ့ပတ်သက်ပြီး ဆန်းဆစ်ဖို့ လိုလာကြပါပြီ။ ကျွန်တော်တို့ဘယ်လို Message ကို ပေးသင့်ပြီး ဘယ်လို Message ဆိုမပေးသင့်ဘူးဆိုတာ စဉ်းစားဖို့လိုလာပါပြီ။
ဥပမာဆိုရရင်တော့ဖြင့် ဗုဒ္ဒဟာ သူရဲ့မိဘတွေရဲ့စကားကိုနားမထောင်ပဲ ဘုရားအဖြစ်ကိုရောက်ရှိအောင် တောထွက်ပြီး တရားစစ် တရားမှန်ရအောင် ရှာဖွေနိုင်ခဲ့လို့ ဘုရားဖြစ်ခဲ့တာပါ။ ဒါဟာ အမှန်တရာလို့ဆိုပေမယ့် မြတ်စွာဘုရားဟာ မိဘစကားကိုနားမထောင်ပဲ တောထွက်ခဲ့လို့ ဘုရားဖြစ်ခဲ့တယ်ဆိုတဲ့ Message မျိုးကိုတော့ ကျွန်တော်တို့ အနုပညာသည်တွေအနေနဲ့ ပရိသတ်ဆီကို မပေးသင့်ပါဘူး။ ဘယ်လောက်ပဲအမှန်တရားတရားဖြစ်နေပါစေ။ ဒါဟာ လတ်တလော လက်ခံနေကြတဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ထုံးတမ်းအစဉ်အလာတွေ ကြောင့်ဖြစ်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်းမှာ ဒီလိုထုံးတမ်းစဉ်လာတွေမရှိတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ အမှန်တရားတစ်ခုတည်းဘက်မှာ ရပ်တည်ပြီး Message ပေးလို့ ရနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒီလိုပါပဲ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း မိဘစကားကိုနားမထောင်ခဲ့ပဲ တော်လှန်ရေးလုပ်ခဲ့လို့ မြန်မာသမိုင်းမှာတွင်ကျန်ရစ်ခဲ့တဲ့ ရာဇ၀င်တွင်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ရတာပါ။ ဒါတွေဟာ အမှန်တရားတွေဆိုပေမယ့် ကျွန်တော်တို့ဟာ အမှန်တရားဘက်မှာ ရပ်တည်ဆိုတဲ့ခေါင်းစဉ်နဲ့ ပရိသတ်ကို အဆိပ်မခက်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် တင်ပြထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်။ ဝေဖန်အကြံပြုချင်တယ်ဆိုရင်တော့ ကျွန်တော်ဆီကို မေးလ်ပို့နိုင်ပါတယ်။
အံ့ဘုန်းမြတ်
အနုပညာဆိုတာ သိမ်မွေ့ထိရောက်သော လက်နက်ဆန်းတစ်ခုလည်း ဖြစ်နိုင်ပါသေးရဲ့။
LikeLike
ကိုအံ့ဘုန်းမြတ် ဘလော့ဂ်ကို ရောက်လေ့ရှိပါတယ်။ ဆီဗုံးမတွေ့လို့ မရေးဖြစ်တာပါ။ :)
LikeLike
wordpress theme မိုက်မိုက်လေးတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် Justin Tadlock ရဲ့ themes တွေနဲ့ Blog oh! blog က themes တွေကို ကျွန်တော်တော့ အတော်သဘောကျတယ်။ :)
LikeLike
လောကကြီးမှာ ကောင်းစေချင်တဲ့စိတ်နဲ့ အနုပညာသည်တွေကလဲ တစိတ်တပိုင်းပေးလိုက်တဲ့ အမှန်တရားအချက်လက်လေးတွေဟာ ဥပမာပြောရရင် မီးလိုပေါ့ဗျာ သုံးစွဲသူပေါ်မူတည်ပြီး ကောင်းကျိုးဆိုးကျိုးတွေဖြစ်လာရတာဆိုတော့ …. တာဝန်ကတော့သုံးစွဲသူပေါ်မှာပဲလို့ယူဆပါတယ်
အမှန်တရားဆိုတာဖော်ထုတ်သင့်တဲ့အရာဖြစ်လို့ လူ့ဘောင်လောကမှာ Message အမြဲလိုနေပါတယ်..လူတစ်ယောက်ဘ၀ကိုအလင်းပေးတဲ့အနေပဲဖြစ်ဖြစ်ပေါ့လေ…
LikeLike