Archive for

ပုဂံမှာ ရှိတဲ့ မြန်မာပြည်ရဲ့ အစောဆုံးရှေးဟောင်းသုတေသနပြတိုက်


ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုအမွေအနစ်တွေ အများဆုံးတည်ရှိရာ ပုဂံရှေးဟောင်းမြို့တော်ရဲ့ ပထမဆုံး ရှေးဟောင်း သုတေသနပြတိုက်ကို ကျွန်တော်ရောက်ရှိခဲ့ပါတယ်။ ဒီပြတိုက်ဟာ အနန္ဒာဘုရားရဲ့ အနောက်ဘက်မုဒ်မှာတည်ရှိပြီး အခုအချိန်မှာတော့ ကျောက်စာရုံအဖြစ်တည်ရှိလျှက်ရှိပါတယ်။

ဒီပြတိုက်ကို ၁၉၀၄ ခုနှစ်က တော်စိန်ခိုမှ ဦးစီးဦးဆောင်မှုပြုပြီးတည်ဆောက်ခဲ့တာဖြစ်ပြီး ပုဂံဒေမှာရှိတဲ့ ရှေးဟောင်းပစ္စည်းအားလုံးကို စုစည်းပြခဲ့တာဖြစ်ပါတယ်။ ဒီပြတိုက်ကို စတင်တည်ဆောက်ချိန်မှာတော့ အသုံးပြုဖို့အတွက် အုတ်ကျွတ်မိုးတွေကို အိန္ဒိယမှ မှာယူ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အုတ်ကျွတ်ပြားတွေမှာ ရေးထိုးပါရှိတဲ့ ရက်စွဲအရ ၁၈၄၆ ခုနှစ်ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါကြောင့် ဒီပြတိုက်တည်ဆောက်ခဲ့တာဟာ ၂၀၀၄ ခုနှစ်က နှစ်တစ်ရာဖြည့်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် တစ်ရာလေးနှစ်ရှိပြီဖြစ်ပါတယ်။ မြန်မာယဉ်ကျေးမှုအမွေအနှစ်ကို တန်ဘိုးထားကြတဲ့ မြန်မာလူမျိုးတွေအတွက် ကျွန်တော်အတိတ်ဆိုတာ သတိရစရာ၊ တန်ဘိုးထားစရာ၊ ကျွန်တော်တို့ရဲ့အတိတ်ကနေပြီး ပစ္စုပ္ပန်မှာ အနာဂတ်အတွက် ဘယ်လိုတွေအကျိုးရှိအောင်လုပ်မယ်ဆိုတဲ့ သင်ခန်းစာမျိုးတွေပါနေတက် တာကြောင့် ကျွန်တော်တို့တိုင်းပြည်၊ ကျွန်တော်တို့လူမျိုးရဲ့ အတိတ်ကို ပြန်လည်တူးဖော်ပေးလိုက်ရ ပါတယ်။

Advertisements

ပုဂံ-စူဋာမဏီဘုရား


ကျွန်တော်က ရှေးဟောင်းသုတေသနနဲ့ကျောင်းပြီးတဲ့သူမို့လို့လားတော့ မပြောတက်။ ကျွန်တော် ပုဂံဘုရားတွေ လိုက်ဖူးတဲ့အခါမှာ ဓာတ်ပုံတွေကို ပညာရပ်နဲ့ဆိုင်တဲ့အရာတွေကိုပဲ အဓိကထားပြီး လိုက်ရိုက်ဖြစ်တယ်။ ဒီစူဋာမဏီဘုရားရဲ့ ထူးခြားချက်ကတော့ ဂူဘုရားတွေရဲ့ လက်ရာနဲ့ ခေတ်ခွဲကြည့်လိုက်တဲ့အခါမှာ ပုဂံခေတ်နှောင်းပိုင်း AD 13-14 လောက်က လက်ရာတွေဖြစ်နေသလို။ အထက်ကို မြင့်တက်နေတဲ့ သန္တသဘောဆောင်နေတဲ့ လက်ရာကို တွေ့ရတယ်ဗျ။ ဂူဘုရားအ၀င်မှာ အင်္ဂတေပန်းကနုတွေကတော့ ပျက်ဆီးနေပြီလို့ဆိုရပေမယ့် ထိန်းသိမ်းထားတဲ့အတွက် လက်ရာတော်တော်များများကို မြင်တွေ့နိုင်ကြရတုန်းပါ။

ကျွန်တော် ခရီးက ပြန်ရောက်ခဲ့ပါပြီ…. ဒါပေမယ့်လည်း စာတော့ မရေးနိုင်သေးဘူးဗျ.. တစ်ရက်လောက်တော့ နားလိုက်ဦးမယ်… ဓာတ်ပုံလေးတွေ အရင်ကြည့်ကြပါ


ကျွန်တော် ခရီးက ပြန်ရောက်ခဲ့ပါပြီ…. ဒါပေမယ့်လည်း စာတော့ မရေးနိုင်သေးဘူးဗျ.. တစ်ရက်လောက်တော့ နားလိုက်ဦးမယ်… ဓာတ်ပုံလေးတွေ အရင်ကြည့်ကြပါ။ ရောက်ခဲ့တာကတော့ ချောက်၊ စလေ၊ ပုဂံစတဲ့ဒေသတွေပါ။

အဲ့ဒီဒေသတွေမှာလည်း မုန်တိုင်းရှိနေတော့ မိုးများပြီး ချောင်းတွေရေကျော်နေလို့ သွားရလာရတာ တော်တော်ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ရာသီဥတု ဆိုးဆိုးဝါးဝါးကြားထဲကနေ ကျွန်တော်ရဲ့ မကောင်းတကောင်း MP4 ကင်မရာလေးနဲ့ ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို တင်ပြပေးထား လိုက်ရပါတယ်။ ဝေဖန်အကြံပြုပေးကြပါဦးဗျ။

အခုပုံလေးတွေက ချောက်မြို့နယ်၊ စလေမြို့မှာရှိတဲ့ စလေရုပ်စုံကျောင်းကပုံတွေကို ပထမဆုံး တင်ပြပေးလိုက်ရပါတယ်။ စလေရုပ်စုံကျောင်းပုံတွေအပြင် စလေဒေသအနီးအနားမှာရှိတဲ့ ပုဂံခေတ်နှောင်းပိုင်း AD 13-14 ရာစုလောက်က တည်ထားကိုးကွယ်ခဲ့ကြတဲ့ ဘုရားပုထိုးစေတီပုံများကို တင်ပြပေးထားပါတယ်။

ပုဂံမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများကိုတော့ မကြာမီတင်ပြပေးနိုင်အောင် ကျွန်တော်ကြိုးစားနေပါတယ်။

အံ့ဘုန်းမြတ်

ကျွန်တော် ခရီူးသွားဦးမယ်


ကျွန်တော် မြန်မာပြည်ရဲ့ အညာဒေသတွေကို ခရီးခဏသွားဦးမယ်ဗျ။ ကျွန်တော်ပြန်ရင် ဘာတွေပါလာမယ်ဆိုတာကို ကျွန်တော် ဘလော့ခ်ကိုဝင်ကြည့်ကြတဲ့ သူတွေအတွက် နည်းနည်းလောက်တော့ ပြောပြသွားချင်ပါတယ်။ အညာဒေသရဲ့ ရှုမျှော်ခင်းပုံလေးတွေ ပါလာနိုင်သလို။ ကျွန်တော်ရောက်မယ့်နေရတာတွေဖြစ်တဲ့ ချောက်၊ ပုဂံ၊ ညောင်ဦး၊ စလေစတဲ့နေရာဒေသတွေက ထူးခြားတဲ့အရာလေးတွေနဲ့ ကျွန်တော်တွေးခေါ်မိတာလေးတွေကို ကျွန်တော်ပြန်ပြီး တင်ပြပေးသွားပါ့မယ်။ လတ်တလော တစ်ပတ်လောက် စာမရေးဖြစ်မှာကို အပြစ်မတင်ကြပါနဲ့ဗျာ။

အံ့ဘုန်းမြတ်

လူသားရဲ့သမိုင်းမှာ ငွေကြေးဆိုတာပေါ်ပေါက်လာကတည်းက လူသားတွေရဲ့ဖြစ်တည်မှုဟာ ကျဆုံးခဲ့ပြီ။


လူသမိုင်းမှာ ငွေကြေးဆိုတာပေါ်ပေါက်လာကတည်းက လူသားတွေရဲ့ဖြစ်တည်မှုဟာ ကျဆုံးခဲ့ပြီ။

အံ့ဘုန်းမြတ် 2008, October (14)

ဒီလိုပုံစံအတွေးအခေါ်မျိုးကို ရှေးတုန်းကတည်းက အတွေးအခေါ်ပညာရှင်ကြီးအဆက်ဆက်က ပြောခဲ့ကြဖူးကောင်း ပြောခဲ့ဘူးကြမှာပါ။ ဒါပေမယ့် သူတို့တွေတုန်းက အခုကျွန်တော်တို့ခေတ်လောက် ဆိုးပါ့မလားလို့တော့ ကျွန်တော်တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ခေတ်တွေမှာ တုန်းက ကျွန်တော်တို့လို ဘတ်စ်ကားခမရှိလို လမ်းလျှောက်ပြန်ရတဲ့ နေ့တွေမရှိနိုင်သလို အင်တာနက်ဖိုးမရှိလို စာမရေးရတဲ့ အချိန်တွေလည်း ရှိနိုင်မယ်မထင်ပါဘူး။ ဒါပေမယ့်လည်း အဲ့ဒီခေတ်မှာတုန်းကတည်းက ဘယ်သူမှန်း ကျွန်တော် မမှတ်မိတော့တဲ့ အတွေးအခေါ်ပညာရှင်တစ်ယောက်က မိန့်ဆိုခဲ့ဘူးပါတယ်။ လူ့သမိုင်းမှာ ငွေကြေးဆိုတာပေါ်ပေါက်လာကတည်းက လူသားတွေရဲ့ဖြစ်တည်မှုဟာ ကျဆုံးခဲ့ပြီတဲ့ဗျာ။ အခုအချိန်မှာတော့ ဘီစီသုံးလေးရာလောက်ကပြောခဲ့တဲ့ အတွေးအခေါ်တွေဟာ ပြောင်းလဲလျှက်ရှိတဲ့ ဘ၀နေထိုင်မှုဟန်ပန်များစွာနဲ့အတူ ပြောင်းလဲကောင်း ပြောင်းလဲသွားတယ်ဆိုပေမယ့်။ ဒီအတွေးအခေါ်လေးက တော့ ကျွန်တော်တို့ လူငယ်တွေအတွက် အမြဲတမ်းမှန်ကန်နေမယ့် အတွေးအခေါ်တစ်ရပ်ပဲဖြစ်ပါတယ်။

Categories

%d bloggers like this: