Archive for

အချစ်ဆိုတာ အပြန်အလှန်ချစ်ကြမှ ကောင်းမှာပါ။


ကျွန်တော် ဘီစီ 600 လောက်က ပေါ်ပေါက်ခဲ့တဲ့ အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးပြောခဲ့တဲ့ အကြောင်းအရာအချို့ကို သဘောမကျဘူးဗျ။ ဘာလို့လဲဆိုတော့ နိုင်ငံသားကောင်းတစ်ယောက်ဆိုတာ ဘယ်လောက်ပဲဆိုးရွားလွန်းတဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ကျမှတ်ထားတဲ့ နိုင်ငံကိုမဆို သစာမဖောက်သင့်ဘူးဆိုတဲ့အချက်ပါ။ နိုင်ငံတောသာလျှင် အမှန်။ အများပြည်သူတွေအတွက် လိုအပ်လိမ့်မယ်လို့ယူဆတဲ့အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေဟာ ဘယ်လောက်ပဲ အမှန်တရားဘက်က ရပ်တည်တဲ့ နိုင်ငံသားနေနေ အကျိုးအပြစ်ကို ခံယူကြရမယ်ဆိုတဲ့အချက်ပါ။ ဒါက ဒီမိုကရေစီစနစ်စတင်ထွန်းကားခဲ့အစဉ်အချိန်တုန်းက ပြောဆိုခဲ့ ခံယူခဲ့ကြတဲ့ နိုင်ငံသားကောင်းဆိုင်ရာ ခံယူချက်ပဲ  ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ အဲ့ဒီတုန်းက ပြောခဲ့အကြောင်းအရာတွေကို မျက်စိစုံမှတ်ပြီးဆက်ယုံနေကြဦးမလား။ ဆက်မယုံတော့ဘူးလားဆိုတာ ကျွန်တော်တို့အတွက် အရမ်းစဉ်းစားဖို့ကောင်းတယ်လို့တော့ ကျွန်တော်ထင်တယ်ဗျ။ ဒီအပေါ်မှာ လွတ်လပ်စွာသဘောထား ကွဲလွဲပိုင်ခွင့်လည်း ရှိမယ်လို့ ထင်ပါတယ်။

Advertisements

ကျွန်တော် ဘလော့ခ်ရေးနေတယ်


ကျွန်တော် ဘလောခ့်ရေးတာနဲ့ပတ်သက်ပြီး သူငယ်ချင်းဂျာနယ်လစ်တစ်ယောက်က မေးဘူးတယ်။ ခင်ဗျားဘာလို့ ဘလော့ခ်ရေးတာလဲတဲ့။ ကျွန်တော်ပြန်ဖြေခဲ့တဲ့ စကားလုံးလေးတစ်လုံးရှိတယ်။ ဘာလဲဆိုတော့ ကျွန်တော့်မှာ နှံစရာအမြီးမရှိလို့ ဘလော့ခ်ရေးတယ်ဆိုတာကိုပါ။

ဟုတ်ပါတယ်။ ကျွန်တော့်မှာသာ နံစရာအမြီးရှိနေကြည့်ပါ။ ကျွန်တော် ဘလော့ခ်မရေးပဲ အမြီးပဲနံနေမှာ အမှန်ပါ။ အခုတော့ အမြီးမရှိတော့ ကျွန်တော်ဘလော့ခ်ရေးမိတယ်။ ဘလော့ခ်ရေးမိတဲ့အခါမှာ။ ကျွန်တော်ရပ်တည်နေတဲ့ လူ့အဖွဲ့အစည်းတွင်းက အဖြစ်အပျက်တွေနဲ့ ခံစားချက်တွေကို ကျွန်တော်ချရေးမိလာတယ်။ ဒါက ကျွန်တော် နိုင်ငံနဲ့ လူမျိုးအပေါ်မရိုသေတာမဟုတ်ပါဘူး။ ချစ်လွန်လို့ဖြစ်လာတာပါ။ ကျွန်တော် ဘလော့ခ်ရေးလို့ ဘာအကျိုးမှ ရှိတာမဟုတ်ပါဘူး။ ကျွန်တော့် ပေါ့ပ်အင်တာဗျူးတစ်ပုဒ်ရေးရင် ငါးထောင်ရပါတယ်။ ဒါပေမယ့် ကျွန်တော့် ပေါ့ပ်အင်တာဗျူး တစ်ပုဒ်ငါးထောင်တန်ရေးရတာမပျော်ပါဘူး။ ဘလောခ့်တစ်ပုဒ်ရေးရင် ငွေနှစ်ထောင်သုံးထောင်ကုန်တဲ့အရသာကို ပိုပြီးပျော်ပိုက်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် ဘလော့်ခ်တွေရေးတယ်ပေါ့ဗျာ။

ဘယ်လိုပြောရမလဲ။ ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ဂရိတ်ပုံပြင်တွေထဲမှာတော့ မြင်းရိုင်းကိုယဉ်ကျေးအောင်လုပ်ပြီး တိုင်းပြည်အတွက်တိုက်ခဲ့တဲ့ စစ်ပွဲတွေမှာ အောင်မြင်ကျော်ကြားခဲ့သူတွေက အက်တာတွေပါ။ အခု ကျွန်တော်တို့ပတ်ဝန်းကျင်မှာကတော့ မြင်းရိုင်းတွေကို ယဉ်ကျေးအောင်လုပ်ပြီး တိုင်ပြည်အတွက် စစ်တိုက်စရာမလိုတော့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဟာ နည်းပညာဆိုတဲ့ မြင်းရိုင်းကို ယဉ်ကျေးသိမ်မွေလာအောင်လုပ်ရင် ကျွန်တော်တို့လူမျိုး ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်တဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ကြရပါလိမ့်မယ်။ ဒါဟာ တရားသောစစ်ပွဲဆိုတာအတွက်ဖြစ်ပါတယ်။

Categories

%d bloggers like this: