23
Jun
09

အမေးရှိလို့ ဖြေကြည့်မိတဲ့ အဖြေများ (၁)

အမေးရှိလို့ ဖြေကြည့်မိတဲ့ အဖြေများ (၁)

အံ့ဘုန်းမြတ် (2009 ခုနှစ်။ ဇွန်လ 24 ရက်)

ကျွန်တော်စာမရေးဖြစ်တာကြာပါပြီ။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်နဲ့ အနုပညာနဲ့ ရသပညာအကြောင်း စကားစပ်မိရင်းပြောမိကြတော့ အနုပညာနဲ့စပ်ဆက်နေတဲ့ ရသပညာနဲ့ပတ်သက်တဲ့ ကိုယ့်ထင်မြင် ယူဆချက်လေးတွေကို စာချပြီးရေးချင်စိတ်ပေါ်လာမိလို့ စာရေးဖြစ်ခဲ့ပါတယ်။

ထုံးစံအတိုင်းပေါ့ဗျာ သတ်ပုံတွေမှားမယ် အတွေးအခေါ်တွေက ကသောင်းကနင်းတွေနဲ့ဖြစ်နေမှာပါ။ ဒါပေမယ့် လူငယ်တစ်ယောက်ရဲ့ စည်းကမ်းတကျထွက်ပေါ်လာတဲ့ အတွေးအမြင်တွေပါ။ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သဘောထား မတိုက်ဆိုင်တာတွေရှိရင်လည်း ဝေဖန်အကြံပေးပေါ့။ ဆဲတဲ့ဆိုတဲ့ ကွန်းမန့်တွေကလွဲလို့ ကျွန်တော်တို့က ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို မျှော်လင့်နေကြတဲ့မျိုးဆက်ဆိုတော့ အားလုံးကိုအပြုသဘောဆောင်ပြီး လက်ခံ သွားမှာပါ။

Artist: Dinh Y Nhi Title: Security (5)

Artist: Dinh Y Nhi Title: Security (5)

(၁) အနုပညာတစ်ရပ် အနုပညာမြောက်တယ် မမြောက်ဘူးဆိုတာကို ဘာနဲ့သတ်မှတ်မလဲ။

ကျွန်တော်ကတော့ အဲ့ဒီအနုပညာလက်ရာတစ်ကို ကြည့်ရူ့သူ ခံစားသူရဲ့ စိတ်ခံစားမှုပေါ်မှာမူတည်တယ်လိုထင်ပါတယ်။ ဒါကြောင့် အနုပညာမြောက်တယ်မမြောက်ဘူးဆိုတာကလည်း ခံစားသူအပေါ်မှာမူတည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မော်ဒန် စာပေမှာ (မက်မွန်ပန်းဆိုတာ နွေဦးရာသီမှာ ပွင့်လေ့ရှိတဲ့ ပန်းတစ်မျိုးပါ၊ အဲ့ဒီပန်းရဲ့ အလှတရားကို နားလည်နိုင်တဲ့လူမှ နွေဦးကို မက်မွန်ပန်းတွေနဲ့ တင်စားတာကို သိနိုင်ပါမယ်။) ဒီလိုပါပဲ အနုပညာဖန်တီးသူ တစ်ယောက်တည်းက လောကအမြင်၊ ရသအမြင်နဲ့ အနုပညာမြင်ရှိနေယုံနဲ့ သူဖန်တီးတဲ့အနုပညာ တွေဟာ တန်ဘိုးရှိတယ်မရှိဘူး သတ်မှတ်လို့မရဘူးပါဘူး။ ခံစားသူဘက်ကလည်း အနုပညာနဲ့ပတ်သက်တဲ့ လောက အမြင်တွေရှိမှ အနုပညာဆိုကိုလက်ခံ ခံစားနိုင်မှာဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်ဆိုလိုချင်တာက ခေတ်သစ်ဂီတမှာ လှိုင်ဦး မော်ရဲ့ သီချင်းတွေကောင်းတယ်ဆိုတာ လှိုင်ဦးမော်သီချင်းတွေကို နားထောင်ဘူးတဲ့သူတွေအတွက်တော့ အမှန်တရားဖြစ်နေနိုင်စေ ပေမယ့် လှိုင်ဦးမော်သီချင်းတွေကို နားမထောင်ဘူးတဲ့လူ တစ်ယောက်အတွက်ဆိုရင်တော့ ဒီကောင်ဘာတွေ ပြောနေလဲ ဖြစ်နေဦးမယ်။ နောက် နေမျိုးရဲ့ ရုပ်ရှင်ဝတ္ထုကကောင်းတယ်လို့ ပြောတာနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးက နေမျိုးရဲ့ ရုပ်ရှင်ဝထ္ထုကို ကောင်းတယ်လို့ တပြေးညီသတ်မှတ်ကြမှာမဟုတ်ပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ ကျွန်တော်တို့လူမျိုးရဲ့ အနုပညာမှာ ဒိုင်ယာလက်တစ်ဝါဒဟာ လိုအပ်နေ တယ်လို့ထင်ပါတယ်။ အနုပညာရှင်ကလည်း လူ့အဖွဲ့အစည်းမှာ ရသ၊ အနုပညာသက်ဆိုင်တဲ့ လောကအမြင်တွေနဲ့ ပတ်သက်ပြီး စာဖတ်သူ (၀ါ) ပရိသတ်တွေ ရေချိန်မြင့်လာဖို့ ကြိုးစားကြရပါမယ်။

လူ့အဖွဲ့အစည်းဝင်တွေကလည်း ကိုယ့်အတွက်ဖျော်ဖြေရေး အတွက်ပဲဖြစ်ဖြစ် ပညာပေးအတွက်ပဲဖြစ်ဖြစ် ဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို လက်ခံလေ့လာဖတ်ရှုသင့်တယ်လို့ထင်တယ်။ ဒါမှတိုးတက်တဲ့လူ့အဖွဲ့အစည်းရဲ့ ဘ၀ဖြတ် သန်းမှုတွေနဲ့ ခေတ်ပြိုင်ဖြစ်မယ့် အနုပညာလက်ရာတွေကို အနုပညာရှင်တွေ ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုပါပဲ တိုးတက်မှုအတွေ့အကြုံတွေထဲကထွက်လာတဲ့ အနုပညာလက်ရာတွေကပဲ လူအဖွဲ့အစည်းကို အမြင့်ကိုပိုရောက်အောင် တွန်းပို့နိုင်မယ်လို့ထင်တယ်။ ဒါက ကျွန်တော်အမြင်ပါ။ အနုပညာဟာ အနုပညာအတွက်တို့ .. အနုပညာဟာ လူ့အဖွဲ့အစည်းအတွက်တို့ နောက် အနုပညာဟာဘာမှမဟုတ်ဘူးတို့ဆိုတဲ့ အစ်ဇင်တွေထက်ပိုပြီး ကျွန်တော်တို့လူ့အဖွဲ့ အစည်း အတွက်လိုအပ်မယ်ထင်ပါတယ်။ အဲ့ဒီတော့ အနုပညာလက်ရာတိုင်း လက်ရာတိုင်းမှာ တန်ဘိုးဆိုတာရှိတယ်။ အဲ့ဒီအနုပညာလက်ရာတိုင်းကိုလည်း လူတိုင်းက နားလည်လက်ခံပေးစေချင်ပါတယ်။ အဲ့ဒီလိုနားလည်လက်ခံနိုင်တဲ့ ပညာရေးစနစ်သစ်တစ်ခုလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက်လိုအပ်တယ်လို့ ထင်တယ်။

Artist: Kritsana Chaikitwattana Title: Me and the Buddha (1)

Artist: Kritsana Chaikitwattana Title: Me and the Buddha (1)

(၂) အဲ့ဒီတော့ လူတိုင်းက အနုပညာသမားတွေကြည့် ဖြစ်ကုန်မှာပေါ့။

ဟုတ်ပါတယ်။ လူတိုင်းဟာအနုပညာသမားတွေပါ။ သားသတ် သမားလည်း သူ့ရဲ့သားသက်တဲ့လက်ကို အနုပညာမြောက်စွာ လှုပ်ရှားသလို ပန်းချီဆရာကလည်း သူ့ရဲ့ စုတ်ချက်နဲ့ ပန်းချီကားကို ဖန်တီးလိုက်သလို သားသတ်သမားဟာလည်း သူရဲ့ဓားချက်နဲ့ သက်ရှိသတ္တ၀ါတစ်ကောင်ကို အဆုံးစီရင်လိုက်တာပါ။ ဒီလိုပြောရင် လွန်တယ်လို့ ပြောကြနိုင်တယ်။ အဲ့ဒီမှာ လူ့အဖွဲ့အစည်းကို ဘယ်လို အကျိုးဖြစ်ထွန်းစေလဲဆိုတာ ကြည့်ချင်ပါတယ်။ ဆိုကြပါစို့ဗျာ ဗန်ဂိုးအသက်ရှင်နေတဲ့ခေတ်တုန်းက ဗန်ဂိုးထက် သားသတ်သမား ရဲ့လက်က ပိုပြီးအသုံးဝင်မနေဘူးလို့ ပြောလို့မရပါဘူး။ ဘာလို့ လဲဆိုတော့ သူ့ရဲ့သားသတ်တဲ့လက်ဟာ ဗန်ဂိုးရဲ့ ပန်းချီဆွဲတဲ့လက် တွေထက် လူ့အဖွဲ့အစည်းကို အဲ့ဒီခေတ်တုန်းက အကျိုးပြုနေ လို့ပါပဲ။ တိုင်းပြည်တစ်ပြည်မှာ လူတိုင်းဟာအနုပညာသမားကြည့် သက်သက်ဖြစ်နေနိုင်သလို အနုပညာသမားဆိုတာတွေကလည်း လူ့အဖွဲ့အစည်းအတွက် အသုံးဝင်ချင်မှဝင်နေနိုင်မှာပါ။ အဲ့ဒီတော့ ကိုယ်ဘာလုပ် နေလဲဆိုတာ ကိုယ့်ဟာကိုယ်သိပြီး သားသတ်သမားကလည်း ကိုယ့်အလုပ်ကို လုပ်စရာရှိတာလုပ်။ အနုပညာဖန်တီးသူကလည်း ကိုယ်လုပ်စရာရှိတာကို ကိုယ်ကောင်းကောင်းလုပ်ပြီး ကိုယ့်ကြောင့် လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက်မဖြစ်စေနိုင်တာမျိုး၊ ဒါမှမဟုတ် ကိုယ့်လူ့လောကမှာ အသက်ရှင်နေထိုင်စဉ်အတွင်းမှာ ဘယ်လူတစ်ဦး တစ်ယောက်ကိုမှ ဒုက္ခမပေးခဲ့ရှာပါလားဆိုတဲ့စိတ်မျိုးနဲ့ လူ့အဖွဲ့အစည်းဝင်တွေတိုင်းမှာ ရှိနေဖို့ပါပဲလိုတယ်လို့ထင်ပါ တယ်။

အမေးရှိလိုဖြေကြည့်မိတဲ့ အဖြေများကို ဆက်ပြီး ရေးသွားပါ့မယ်။ ဒီကနေ့မှာတော့ ဒီလောက်ပဲ ပို့စ်အဖြစ် တင် လိုက်ပါတယ်။

အံ့ဘုန်းမြတ်

(2009 ခုနှစ်။ ဇွန်လ 24 ရက်)


4 Responses to “အမေးရှိလို့ ဖြေကြည့်မိတဲ့ အဖြေများ (၁)”


  1. June 24, 2009 at 7:34 pm

    ဟေ့လူ… ကျုပ်ဘလော့ဂ်မှာလည်း ကူးတင်ထားတယ်ဗျ။

  2. June 25, 2009 at 8:33 am

    အမေးတိုင်းအတွက်တော့ အဖြေဆိုတာရှိမနေပါဘူး
    ဒါပေမယ့် ခုမေးလို့ဖြေထားတဲ့အဖြေတွေကိုတော့ဖတ်သွားပါတယ်
    အနုပညာကိုယ်တိုင်ကိုက မေးခွန်းများနှင့်ဝန်းရံနေသောအရာ……….

  3. June 25, 2009 at 9:02 am

    မင်းကတော့ ပုရွက်ဆိတ်အုံ တုတ်နဲ့ ထိုးနေပြန်ပြီ။

    နောက်ဆုံးနားက အယူအဆက မာ့က်စ်ရဲ့ အယူအဆမျိုးပဲ။
    မမြင်ရတဲ့လက် ဆိုတဲ့ ဘောဂဗေဒ သဘောတရားပဲ။

    ဒါပေမယ့် ဒီမှာကတော့ မင်းက အနုပညာကို ပြောတာပေါ့လေ။

  4. June 30, 2009 at 1:18 pm

    ကျွန်တော်က ၀င်ဆွေးနွေးရလောက်တဲ့အထိတော့ နားမလည်သေးပါဘူး။ ဆက်ပြီးစောင့်ဖတ်သွားပါ့မယ်။



လည်ပတ်သူတွေကို ပြောချင်တာ

ကျွန်တော်ရဲ့ ရင်ထဲမှာဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို လွတ်လပ်ပွင့်လင်းစွာနဲ့ ဖွင့်ထားတဲ့ ဘလော့ခ်လေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ထင်မြင်ယူဆချက်တွေဟာ မှားယွင်းကောင်း မှားယွင်းနေနိုင်ပါတယ်။ လွန်ကဲကောင်း လွန်ကဲနေပါလိမ့်မယ်။ ဒါပေမယ့် ဖတ်ကြည့်ပြီးတဲ့အခါမှာ သဘောထား တိုက်ဆိုင်မှုလေးတွေ ရှိတယ်ဆိုရင် ဒါမှမဟုတ် ဝေဖန်ချင်တာတွေရှိတယ်ဆိုရင် ကျွန်တော်ရဲ့ မေးလ်လိပ်စာဖြစ်တဲ့ ahuntphone.myat@gmail.com ကို ဆက်သွယ်နိုင်ကြပါတယ်။

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်း၏သက်လယ်၊ မင့်သားငယ်သည် သက် နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။ သူသုံးနှစ်သား၊ ဖော်ချင်းများနှင့် အူယားဖားယား ကစားရာမှ၊ နွားရုပ်ချရ်ျ နတ်ကူသည့်သွင်၊ မင်းရင်ခွင်ကို ပြေ၀င်ပုန်းလာ၊ သူ့မူရာကို ငါမြင်ခဲ့၏ မှတ်မိ၏။ မိုးကစိုစို၊ ကျီးအုပ်ပြိုရ်ျ ထိုမှ က်ျမှ၊ တို့လမ်းမတွင် ပျံကြ ၀ဲကြ၊ ငရဲထသို့ အုံကြွမြည်အာ၊ မသာယာကို ငါကြားခဲ့၏ မှတ်မိ၏။ ထို့နေကပင်၊ ထိုချိန်ထင်၏ သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည် ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏ မြေခသတင်း၊ မိုးကြိုးခွင်းသို့ အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်တွင် မချင့်မရဲ၊ ၀မ်းနည်းခံခက် မျက်စိမျက်နှာ၊ ညှိုကျရှာသည် ရွာဦးပိုင်းမှ သင်္ချုံင်းထိ။ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ် သူတို့ခေတ်နှိုက် တိုင်းချစ်ပြည်ခင်၊ ဖြစ်စေချင်၏ မင်းမြင် ငါကြား၊ စကားဥဒါန်း ဆန်း၏သတ္ထိ၊ ဆန်း၏သမာဓိ ဆန်း၏ပညာ၊ ဆန်းမှာဆုံးပေါင် ယောက်ျားကောင်းတို့၊ ခေါင်ဆောင်သဘော မင့်သားချောကို ပြောလိုက်ပါဘိ ဟောပါဘိ။ ။ ဆရာဇော်ဂျီ ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ၊ ဇူလိုင် 1964

ဗေဒါလမ်း

ဗေဒါလမ်း ညိုပြာပြာ လတာပြင့်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ။ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။ အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ ပေါ်ပြန်လဲ မသက်သာ ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀) HYACINTH WAY At the blue-grey mud-flat's edge Hyacinth goes ashore with the wave And down to sea again as the wave recedes. No bed of roses for her Jostled by Flotsam, Submerged by breakers Hie to the creek for shelter From palm-fronds and billows and now what? DUCKS! Two hundred ducks! Quacking and racking! Poor lone Hyacinth Must grin and bear it! Translated by Saya K (ဆရာ ကေ)

Calendar

June 2009
M T W T F S S
« May   Jul »
1234567
891011121314
15161718192021
22232425262728
2930  

သူ့မှာတမ်း

သူတို့အဆုတ်၊ ထားမြှုပ်ခဲ့သည့် ဗုံးငုတ်တိုင်မှား၊ မောင်ပြောက်ကျားကို ရွာသားရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ ထတုန်းတည်း.....။ "အမောင်ပြောက်ကျား၊ ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း..." "ငယ်ကကြင်မြတ်၊ မိသတ်မှတ်ကို ခွင့်လွတ်ခဲ့ကြောင်း ပြောပါလေ...." "အမောင်ပြောက်ကျား၊ မိဘအားကို ဘာများမှာခဲ့လိုသနည်း..." "မွေးသည့်မိခင်၊ မွေးဖခင်ကို ဦးတင်ခဲ့ကြောင်း ပြောပါလေ..." "အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း...." "ခရီးမတ်တတ်၊ လမ်းခုလတ်တွင် ကိုယ်လွတ်ရှေုာင်ခွါ၊ ခွဲရပါရ်ျ အာနာခဲ့ကြောင်း ပြောပါလေ...." ယမ်းငွေအူအူ၊ တလူလူနှင့် မေးမြူကြတုန်း၊ အနောက်ကုန်းတွင် နေလုံးကွယ်လေပြီတကား....။ မင်းသုဝဏ် (မြ၀တီမဂ္ဂဇင်း၊ မတ်လ ၁၉၆၃)

အကြိုက်ဆုံးကဗျာစာသား

ရန်လိုနေသော အနုပညာနဲ့ ဘုရာသခင်ရဲ့ ဟန်ဆောင်မှုနဲ့ သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့ အာခေါင်ကို မီးမြှိုက်ထားသောကဗျာတွေနဲ့ ငါ့ခေတ်ကို ငါပြဌာန်းရမယ်….။ နောင်အခါ ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို လူငယ်တွေက တီရှပ်မှာ ရိုက်ဝတ်ကြပါစေ။ လက်ျာသုဒ္ဓရ (DEC,2004)

SocialVibe


ဆရာနိုင်ဝင်းဆွေရဲ့ ကဗျာစာသား

“သူ့မြင်းကို ဇက်ကုန်လွှတ် ကဆုန်စိုင်းလို့ လူတွေမမြင်နိုင်သေးတဲ့ ဟိုး….အဝေးဆီကအနာဂတ်ဆီ ဖြတ်ချီသွားလေရဲ့… ရှေ့ဆုံးများရဲ့ ရှေ့ဆုံးကလူ သူ… အနုပညာသမားပေါ့….” နိုင်ဝင်းဆွေ

ရသဆိုတာ

ရသဆိုတာ အနုပညာပစည်းတစ်ခု/ အနုပညာဆောင်ရွက်မှုတစ်ခုမှာ နဂိုကတည်းကရှိနေတဲ့ ဂုဏ်အင်္ဂါတစ်ရပ်မဟုတ်ဘူး။ ဖတ်သူ၊ ကြည့်သူ၊ ခံစားသူ (ပရိသတ်)က သူ့ဖာသာ တည်ဆောက်ယူလိုက်တဲ့ ဆုံးဖြတ်ချက် သဘောတစ်ခုသာဖြစ်တယ်။ တစ်နည်းပြောရရင် ရသဆိုတာ တုန့်ပြန်မှုတစ်ခုပဲ။ ရှိနှင့်ပြီးဖြစ်တဲ့ အတွင်းသားဂုဏ်ရည်တစ်ခုမဟုတ်ဘူး။ ဇော်ဇော်အောင်
Watch videos at Vodpod and other videos from this collection.