သတင်းဆိုတာ ဘာလဲ (ပီတာအဲန်း)

သတင်းဆိုတာ ဘာလဲ
ပီတာအဲန်း
(တစ်သီပုဂ္ဂလ စာနယ်ဇင်းသမား)
ဘာသာပြန်
ထင်အောင်ကျော်

သတင်းစာဆရာရဲ့ အလုပ်က “သတင်းယူဖို့” ပါပဲ။ ဒါပေမဲ့ နိစ္စဓူဝ အဖြစ်အပျက်တွေက အများကြီး။ အဲ့ဒါအားလုံးကို သတင်းအဖြစ်နဲ့ ရေးသားတင်ပြဖို့ မလိုအပ်ဘူး။ ဒီတော့ သတင်းဆိုတာဘာလဲ။ စာဖတ်ပရိသတ်က ဘယ်လို သတင်းအချက်အလက်မျိုးကိုမှ လိုချင်တာလဲ။

ဒါဟာ သတင်းစာဆရာတစ်ယောက် နေ့စဉ် စဉ်းစားဆုံးဖြတ်ရတဲ့ ကိစ္စပါပဲ။ သတင်းတစ်ပုဒ် စမလိုက်ခင်မှ “ဒါလူတွေ ပြောမယ့် အကြောင်းအရာလား”၊ “ဒါဟာ သူတို့သိချင်တဲ့ကိစ္စလား” ဆိုတာ ကိုယ့်ကိုယ်ကို အမြဲတမ်းမေးကြည့်ကြရတယ်။

သတင်းဆိုတာ လူအများစုကြီးအတွက် အရေးကြီးတဲ့ သူတို့စိတ်ဝင်စားတဲ့ အကြောင်းချင်းရာဖြစ်ပါတယ်။ ဒါဟာ နိစ္စဓူဝ ဖြစ်ပျက်နေတာမျိုးနဲ့ ကွာပါတယ်။

သတင်းဆိုတာ ဖြစ်ပျက်နေကျမျိုး မဟုတ်ပါဘူး။ သတင်းနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကတော့ “ခွေးက လူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ လူက ခွေးကို ကိုက်ရင်တော့ ဒါ သတင်းပဲ” လို့ ဆိုထားတယ်။ ဘန်ကောက်ပို့စ် သတင်းစာမျက်နှာဖုံးမှာ သူ့ခွေးရဲ့ လည်ကုပ်ကို ကိုက်တဲ့အတွက် အဖမ်းခံရတဲ့ လူတစ်ယောက်အကြောင်းကို ဖော်ပြခဲ့ဖူးပါတယ်။ အဲ့ဒီလူက သူဟာ သခင်ဆိုတာကို အကြောင်းပြဖို့အတွက် အဲ့ဒီလို ကိုက်ခဲ့တာ ဖြစ်ပါတယ်။

လူအများကြီးအပေါ်မှာ သက်ရောက်မှုရှိတဲ့အကြောင်းကိစ္စတစ်ခုဟာလည်း သတင်းဖြစ်ပါတယ်။ အဲ့ဒါမျိုးက အိမ်တွေ၊ သီးနှံတွေ ပျက်စီကုန်တဲ့ ရေလွှမ်းမိုးမှုမျိုး အကြောင်းပေါ့။ ဓာတ်ဆီဈေး တက်သွားတာမျိုးပေါ့။ အဲ့ဒါဆို မော်တော်ဆိုင်ကယ်တွေအတွက် စရိတ်တက်လာမယ်။ သတင်းကြီးတွေဆိုတာာ များသောအားဖြင့် လူအများကြီးအပေါ်မှာ သက်ရောက်မှုရှိတဲ့ အဖြစ်အပျက်ပါပဲ။

တခါတလေမှာတော့ အရေးကြီးပုဂ္ဂိုလ်၊ ဒါမှမဟုတ် ထင်ရှားကျော်ကြားသူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်က သတင်းဖြစ်နေတာမျိုး ရိုးရိုးရှင်းရှင်းကိစ္စမျိုးလည်း ရှိတတ်တယ်။ သတင်းစာဆရာတွေက ၀န်ကြီးချုပ်၊ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့လို ထိပ်တန်းအရာရှိကြီးတွေနောက်လိုက်ပြီး သတင်းယူတတ်ကြတယ်။ ဒီပုဂ္ဂိုလ်တွေက သြဇာအာဏာကြီးတဲ့သူတွေဖြစ်တော့ သူတို့အမြင်က သာမန်လူတစ်ယောက်အမြင်ထက် သတင်းမှာပိုပြီး ထိရောက်တယ်။ လူအများက ချမ်းသာတဲ့၊ နာမည်ကြီးတဲ့သူတွေအကြောင်း စိတ်ဝင်စားတယ်ဆိုတာ သိတဲ့အတွက် ရုပ်ရှင်မင်းသား မင်းသမီးတွေနဲ့ တေးသံရှင်တွေအကြောင်း ဇောင်းပေးတဲ့ သတင်းစာဆရာတွေလည်း ရှိပါတယ်။

သတင်းမှာ အချိန်ကိုက် ဖြစ်ဖို့လိုတယ်။ သတင်းဆိုတာ ကုန်ခဲ့တဲ့ကာလ ဖြစ်ခဲ့တာကို ပြောတာမဟုတ်ပါဘူး။ ဒီကနေ့ လက်ငင်းဖြစ်နေတာကို ပြောတာ။ စာဖတ်ပရိသတ်က နောက်ဆုံးဖြစ်နေတာကို မြန်နိုင်သမျှ အမြန်ဆုံးသိချင်ကြတယ်။ မြို့ထဲမှာ အကြီးအကျယ်မီးလောင်မှုဖြစ်တယ်ဆိုရင် ရုပ်သံသတင်းသမားက အဲ့ဒီနေ့သတင်းမှာ ပါနိုင်အောင် အမြန်ဆုံးလှုပ်ရှားရမယ်။ သတင်းသမားက နောက်တစ်နေ့ မနက်သတင်းစာမှာ ပါအောင်ရေးရမယ်။

ပဋိပက္ခ အကြောင်းဟာလည်း သတင်းပါပဲ။ လူတွေရဲ့ နေ့စဉ်ဘ၀မှာ ပဋိပက္ခဖြစ်ရပ်တွေက အပြည့်၊ မြေယာအငြင်းပွားမှုတွေ ရှိတယ်။ အစိုးရဖွဲ့နိုင်ဖို့ နိုင်ငံရေးပါတီတွေချင်း အားပြိုင်တာရှိတယ်။ နိုင်ငံချင်း စစ်ဖြစ်ကြတယ်။

သတင်းတွေမှာ ဒေသန္တရရှု့ထောင့် ဆိုတာလည်းရှိပါတယ်။ လူတွေက သူတို့နေထိုင်တဲ့ နေရာဒေသက အဖြစ်အပျက်၊ ဒါမှ မဟုတ် ကိုယ့်အနီးအနားက အကြောင်းတွေကို သိချင်ကြတယ်။ ဗီယန်ကျင်းမြို့ထုတ် သတင်းစာတစ်စောင်ဟာ ဗီယန်ကျင်းနားက ရေကြီးမှုအကြောင်းကိုပဲ စိတ်ဝင်စားမယ်။ ပီကင်းမှာ ရေကြီးတဲ့ကိစ္စကို သိပ်စိတ်ဝင်စားမှာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံသားတွေရဲ့ အကြောင်းကို တခြားသူတွေ အကြောင်းထက် ပိုပြီး စိတ်ဝင်စားတတ်ကြတယ်။ လာအိုလူမျိုးတစ်ယောက်ဟာ နောက် လာအိုလူမျိုးတစ်ယောက်အကြောင်းကို စိတ်ဝင်စားမှုရှိတယ်။ တရုတ်နိုင်ငံမှာ လေယာဉ်ပျက်ကျတဲ့အကြောင်းကို လာအိုနိုင်ထုတ် သတင်စာတစ်စောင်မှာ သိပ်ပြီး အလေးထားဖော်ပြနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီလေယာဉ်ပေါ်မှာ လာအိုနိုင်ငံသား သုံးဦးပါသွားတယ်ဆိုရင်တော့ ဒါ တကယ့်သတင်းကြီး တစ်ပုဒ်အနေနဲ့ ပါလာပါလိမ့်မယ်။

တစ်ခါတစ်ရံမှာလည်း အသုံးဝင်တဲ့အချက်အလက် တွေက သတင်းဖြစ်နေတတ်တယ်။ ဥပမာ အလုပ်သစ်တစ်ခု ရနိုင်တဲ့ အကြောင်းမျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် ကျန်းမာကြံ့ခိုင်ဖို့အတွက် ဘယ်လို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရမယ် ဆိုတာမျိုးပေါ့။

ပြီးတော့ ဖျော်ဖြေတဲ့သတင်းအချက်အလက်တွေ ဟာလည်း သတင်းပါပဲ။ ဒီသတင်းမျိုးထဲမှာ တိရစ္ဆာန်တွေအကြောင်း၊ လူတွေရဲ့ အပျော်အပြက်လုပ်ရပ်တွေ၊ ရုပ်ရှင်ဇာတ်ကားသစ် စသဖြင့် ဖြစ်ပါတယ်။

သတင်းကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ဆိုတာ မလွယ်လှဘူး။ သတင်းထောက်စလုပ်တဲ့ သူတစ်ယောက်ကို အယ်ဒီတာက “သတင်းတစ်ပုဒ် ရှာပြီးပြန်လာခဲ့” လို့ တန်းလွှတ်လိုက်ရင် သူ့အနေနဲ့ ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အတွေ့အကြုံရလာတဲ့အခါမှာတော့ သတင်းထောက်က ဘယ်ဟာ သတင်းဖြစ်တယ်ဆိုတာ ချက်ချင်း သိမြင်လာပါလိမ့်မယ်။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

ဆောင်းပါးများ

?bph6
?bph6
?bph6
?bph6

ပညာရပ်ဆိုင်

Follow

Get every new post delivered to your Inbox.